ကိုငါးကြော်ငယ်စဉ်က အင်္ဂလိပ်စာလေ့လာဖို့ အင်မတန်ခုံမင်ပါတယ်။
အတော်အတန်လည်း တိုးတက်ခဲ့တယ် လို့ဆိုရပါမယ်။
တခြားသူတွေနဲ့ ယှဉ်ပြောရရင် ကျောင်းနေဖက် ငပေတို့၊ငတေ တို့ထက်အရမ်းသာတယ်ပြောရမှာပဲလေ..။
တကျောင်းလုံးမှာမော်ကြည့်နိုင်သူ ခပ်ရှားရှားပါ....။အရပ်ကြောင့်လားတော့မသိ...
ဘွတ်ဘက်၊ရွှတ်ရှက် ဆိုရင်လည်း အင်မတန် ပြောတတ်တာကလား။
ဗျရိတစ် အင်းဂလစ်ရှ် ပြောမလား၊အမာရိကန်း အင်းဂလစ်ရှ် ပြောမလားလာခဲ့။
ဗျရိတစ် ရော အမာရိကန်းရော မူးချာပါတ်သွားမယ်။
အဲလိုတော်ခဲ့တာ.... ကြွားနေခြင်းမဟုတ်။
ကိုယ့်ကိုလည်း ပညာလာမစမ်းနဲ့ မေးခွန်းတွေနဲ့ နှိပ်ကွပ်ပစ်တတ်တာမျိုး..။
“ဟေ့ရောင် မင်းဘယ်လောက်တတ်သလဲ...ဇာတိဖ္ဖိုလ်သီးကို အင်းဂလစ်ရှ်လို ပေါင်းပြစမ်း”
ဘယ်သူကယှဉ်နိုင်မှာလည်း...အဲဒီတုန်းကပြောပါတယ်။
အခုတော့ အရင်လိုမဟုတ်ပါပြီ..ကိုကိုဒီဘီဆီမှာ သင်တန်းတက်ဖို့ စာရင်းပေးထားရပါတယ်။
ပညာသင်ကြေး ပယင်းရောင်တစ်ပုလင်းဖိုး မရှိလို့ မတက်ရသေးပါ။
ကဲတွေးကြည့်တော့ ကိုယ့်ရဲ့ အင်းဂလစ်ရှ်က အတော်ညံ့သွားပြီကိုး...။
ဘယ်တုန်းကစပါလိမ့်........
ဟုတ်ပြီ.....မှတ်မိပြီ...
ဂျီတီအိုင်ရောက်ပြီးမှ လုံးဝညံ့သွားတာ...
ဆရာ၊ဆရာမတွေ ကြောင့်လုံးဝမဟုတ်ပါ။
ကိုယ်တိုင်ကိုက အားလျှော့သွားခြင်းပါပဲ...။
ကျွန်တော့်အမေရဲ့အစ်မအကြီင်္းဆုံး ကြီးတော်ကြီးရဲ့မေးခွန်းကစတာပါပဲဗျို့။
ကြီးတော်ကြီးက အင်းဂလစ်ရှ်လိုမေးတာ...။
ကိုငါးကြော် ကမဖြေနိုင် လို့စိတ်ညစ်သွားတာ။
ကြီးတော်ကြီးလား...အဲဒီတုန်းက အသက် ၇၅နှစ်လောက်ရှိမယ်။
ပညာကတော့ ကျောင်းတောင်နေဖူးပုံမပေါ်ဘူး။
စာဖတ်တာတောင်မတွေ့ဖူးဘူး။
မေးတာကလေ“ငါ့သားရယ်တဲ့ မင်းက ဂျီတီအိုင်တောင် ရောက်နေပြီဆိုတော့
အဒေါ်ကြီးမသိတာလေး မေးပါရစေ”တဲ့
ကိုငါးကြော်ကလည်း “ဟုတ်ကဲ့မေးပါ”ပေါ့...
ဒီတော့ ကြီးတော်ကြီးက “အဲမဲဂိုး..အဝုစ္စစ် ဆိုတာဘာလဲ..လူလေးရယ်”တဲ့
ကိုငါးကြော်သေချာစဉ်းစားပါတယ် နဲနဲတော့ သဘာဝမကျဘူးပေါ့...
အဝုစ္စစ်ကိုငါသွားနေတယ်ပြောချင်တာလား...
သဒ္ဒါလွဲနေတယ်...မဟုတ်နိုင်ဘူး....
အသံထွက်ပဲ မှားနေသလား...ပြန် သေချာအောင်မေးရတယ်...
နောက်ဆုံးတော့ “ကျွန်တော် မဖြေတတ်ပါဘူးခင်ညာ”ပြောမှပဲ
ကြီးတော်ကြီးက “ဘာမှ မဟုတ်ငါဘူးငါ့သားရယ်”တဲ့...
အဒေါ်ကြီးတို့ ငယ်ငယ်က လူရွှင်တော်တွေ
စကားထာဖွက်တာပါတဲ့...အဖြေက (အိုးမဲခဲ..အဝတ်စုတ်)ပါကွယ်”တဲ့
အဲဒီကစပြီးတော့ ကျွန်တော် ကိုငါးကြော် အင်းဂလစ်ရှ်စာ အရမ်းညံ့သွားပါကြောင်း...
(အိုးမဲခဲ=မီးသွေးခဲ(အိုမည်းခဲ) ဟူလို)
No comments:
Post a Comment