Tuesday, October 8, 2013

ဆီကလေးနဲ့ကြော်

အစကပြောရမယ်ဆိုရင်တော့.....ဟိုးအရင်ကပေါ့ဗျာ....
ဘွားအေကြီးပြောလေ့ရှိတဲ့ စကားလေးပါ.......
အဘွား(အမေကြီးလို့ပဲ ခေါ်ကြတာပါဗျာ)တို့ရွာက ဆီပေါတဲ့ရွာ...
ဆီထွက်တဲ့ရွာ... မြန်မာပြည်ရဲ့ဆီအိုးပါပဲ....
ဘာပဲချက်ချက်ဆီမပါရင် ကောင်းတယ်ကိုမထင်တာ...
ဆီကလေး ဝင်းနေအောင်ချက်မှ ဟင်းထင်တာ.....
ဆီရွှဲနေအောင် ဆမ်းထားမှ စားစရာထင်တာ....
ဆီနဲ့ ကြော်တဲ့ အကြော်အေလှာ်ဆို အကုန်ကောင်းရွာမှာပြောစမှတ်ရှိတာက ...
"ဆီနဲ့သာကြော်ရင် ငကော့် အီးတောင် ကောင်းတယ်" တဲ့.......
ငကော်ဆိုတာက ရွာက တစ်ဦးတည်းသောအရူး.....။
...
..
ဒီနေ့ အိမ်မှာ ညစာစားတာနောက်ကျတယ်...
အိမ်ရှင်က အလုပ်ကပြန်ရောက်မှ ပဲသွေးကြော်နေတာ...
ပဲသွေးဆိုတာ အရင်ကစားဖူးတာမဟုတ်... ဘဲသွေးထင်လို့....
နောက်မှ သိတာက ပဲကနေလုပ်ထားတာလို့...
ဘာတိရစ္ဆာန်သွေးမှ မစားတာ ကြာပြီ...
ဒီနေ့တော့ ပဲသွေးလေးကို ကြက်ဥလေးနဲ့ မွှေကြော်နေတာ...
ထမင်းစားတော့ ပန်းကန်ထဲထည့်ပေးတယ်..
ဝါးကြည့်တော့ အနံ့ တစ်မျိုးရတယ်..
ရေစိမ်တာ ရေမသန့်တဲ့လက္ခဏာပဲ..ကြာလည်းနေပုံပဲ....
သိတော်မူတဲ့အတိုင်းပါပဲ ပဲကနေ ထုတ်တဲ့အရာ ပုပ်သလိုကနေ အနံ့ပြောင်းလာတော့ ...
နိုက်ထရိုဂျင် အနံ့ကဲတာပေါ့...
ငကော် ရဲ့ အင် အင်း နံ့လိုပဲ....
အနံ့နဲ့ ပါတ်သက်ရင် ဇီဇာကြောင်တဲ့သူဆိုတော့ အဆင်မပြေလှဘူး...
ဆက်မစားရင်လည်း ကျန်တဲ့သူတွေ အနှောင့်အယှက်ဖြစ်မှာစိုးတော့ မြန်မြန်သာ စားလိုက်တော့တယ်...
ထမင်းကုန်တော့မယ်...ဆိုပြီးဝမ်းသာနေတာအဲသည်အချိန်မှာပဲ..
အိမ်ရှင် အမျိုးသမီးက
"ဟယ် အစ်ကို တော်ပြီလား ပဲသွေးတွေ အများကြီးထပ်စား..ရော့" ဆိုပြီး ထပ်ထည့်လိုက်တော့ ...
လူကလေ..အဘွားတို့ရွာက ငကော်ကိုသာ သတိရမိတော့တယ်.....
ကြော်ထားတာကလည်း ဆီကို ရွှဲနေတာပဲလေ...
အခုတောင် လည်ပင်း အထိ တက်တက်လာသလိုလိုပဲ ။ ။

No comments:

Post a Comment