Monday, October 17, 2011
Wednesday, February 23, 2011
ရေနံချောင်းမြို့
ကျွန်ုပ်တို့သည် ရေနံချောင်းမြို့ (ရေနံများ ချောင်းစီးနေသောကြောင့် ခေါ်သော အမည်)တွင် တစ်ည ရပ်နားခဲ့ကြပါသည်။ ရေနံတွင်းများမှာ မြစ်ကမ်းပါးမှ တစ်မိုင် နှစ်မိုင်ခန့် ဝေးသော တောင်ကုန်းကလေး တစ်ခုပေါ်၌ တည်ရှိကြပါသည်။ကျွန်ုပ်လည်း နွားလှည်းတစ်စီးဖြင့် ခဲခဲယဉ်ယဉ်းသွား၍ ထိုရေနံတွင်းများ တူးဖေါ်လုပ်ကိုင်နေကြပုံများကို ကြည့်ရှုလေ့လာခဲ့ပါသေးသည်။
ကျွန်ုပ်သည် နက်လှစွာသော ရေနံတွင်းတစ်တွင်း၌ တွင်းနှုတ်ခမ်းပေါ်တွင် ကန့်လန့်တင်ထားသော သစ်သားပေါင်ကြီးပေါ်မှနေ၍ တွင်းထဲသို့ ငုံ့ကြည့်ခဲ့ပါသည်။ ရှည်လျားသော ကြိုးတစ်ချောင်းကို စက်သီးတွင် လျှိုထားပြီး ထိုသစ်သားပေါင်၌ တပ်ဆင်ထားပါ၏ ။ ကြိုး၏တစ်ဖက်စတွင် သံပုံးတစ်ပုံးကို ချည်နှောင်ထားပြီး ၎င်းကို တွင်းနက်ထဲသို့ လျှောချပေးရသည်။ တွင်း၏အောက်ခြေ၌ ရေနံများ လှိုင်းခတ်နေသံကို တွင်းပေါ်ကပင် ကြားနိုင်ပါသည်။ရေနံမှထွက်သော ဓာတ်ငွေ့များကလည်း တွင်းပေါ်သို့ အလိပ်လိပ် တက်လာကြသည်။
ထိုကြိုး၏ကျန်သောအစကို ရေနံဆွဲသော လူတစ်ယောက်၏ခါး၌ ပတ်၍ချည် ထားပြီး ထိုလူက တောင်ကုန်းကလေး၏ အောက်ဆီသို့ ပြေးဆင်းသွားသောအခါ ရေနံစိမ်းအပြည့်ပါသော သံပုံးမှာ အပေါ်သို့ တက်လာလေသည်။ ယင်းသို့ ခပ်ယူရရှိသော ရေနံများကို လူတစ်ယောက်ကယူ၍ ဝါးလုံးရေတံလျှောက်ထဲသို့ လောင်းထည့်လိုက်သောအခါ ရေနံများ မြစ်ကမ်းအထိ ဆက်သွယ်ထားသော ထိုရေတံလျှောက် အတိုင်းစီးသွားကြသည်။ မြစ်ကမ်းရောက်သည်အထိ လမ်းတလျှောက်တွင် ယိုဖိတ်၍ကျနေသော ရေနံတို့ကလည်း မြစ်ရေထဲသို့ ချောင်းငယ်လေးပမာ စီးဆင်းနေကြပေတော့သည်။
ရေနံမှာ ရေနံစိမ်း ပကတိအနေ၌ စေးထန်းထန်းရှိ၍ စိမ်းလဲ့လဲ့အရောင် ထွက်နေသည်။ မြန်မာများက အရေပြား၌ ဖြစ်ပွါးသောရောဂါများကို ရေနံချေးခေါ် ထိုရေနံစိမ်းနျင့် ကုသကြသဖြင့် ဆေးအဖြစ် အဖိုးတထိုက် မြတ်နိုးကြသည်။ အလုပ်လုပ်နေသူတို့မှာလည်း အားလုံးလိုလိုပင် အံ့သြဖွယ်ကောင်းလောက်အောင် ကျန်းမာခြင်းနျင့်ပြည့်စုံကြပေသည်။
ယင်းကား မြန်မာပြည်၏ နောင်တစ်ခေတ်တွင် အကြီးဆုံးသော စက်မှုလက်မှုလုပ်ငန်းကြီးဖြစ်ဖို့ အစပျိုးလာခဲ့သော အခြေအနေပင်ဖြစ်ပေသည်။ ထိုလုပ်ငန်းမှာ အထက်မြန်မာနိုင်ငံရှိ အခြားလုပ်ငန်းတိုင်းမှာကဲ့သို့ပင် ရှင်ဘုရင်တစ်ဦးတည်း လက်ဝါးကြီးအုပ်၍ လုပ်ကိုင်ခဲ့သော စီးပွါးရေးလုပ်ငန်းတစ်ခု ဖြစ်ပေသည်။ ထိုအခါက အမတ်တစ်ယောက်ကိုဖြစ်စေ၊ ရှင်ဘုရင် မြတ်နိုးတော်မူသော လူတစ်ယောက်ကိုဖြစ်စေ ရေနံလှေတစ်စင်းစာ ဘုရင့်ကန့်သတ်ဈေးနှင့် ယူတော့ဟု ပေးကမ်းချီးမြှင့်ခြင်းခံရလျှင် ဝမ်းသာပြီး ကျေးဇူးတင်မည်ဟု မထင်လေနှင့်။ ထိုလူကား ကံဆိုးမိုးမှောင် ကျပြီဟူ၍သာ မှတ်ယူရပေလိမ့်မည်။
ပထမဦးစွာ သူသည် ရေနံများရရှိလေပြီ။ ထိုရေနံတို့ကို မန္တလေးသို့ သယ်ယူခဲ့ရသည်။
ထို့နောက် ရောင်းဖို့ ဈေးကွက်ရှာရ၏။ ထို့နောက် ပေးရန် စရိတ်ကြေးငွေများနှင့် အကောက်ခွန်တို့ကို တောင်းသလောက် ပေးဆောင်ရသည်။ ထို့နောက်မှ ကျန်သမျှငွေကို အိတ်ထဲထည့်ရတော့၏။ ယင်းသို့ အရောင်းအဝယ် လုပ်သူ တစ်ယောက်၏ ညည်းတွားပုံကို ကျွန်ုပ်ကိုယ်တိုင် တွေ့ရှိကြားသိခဲ့ရဖူးလေသည်။ ရှင်ဘုရင်ကတော့ ထင်နေသည်၊သူ့လူကို သူ တကယ်ချစ်ခင် ကြင်နာစွာ ကြည့်ရှုလိုက်ရသည်ဟု မှတ်ယူနေပေသည်။ သို့သော်ကံဆိုးလှသော လက်ခံရရှိသူခမျာမှာ သူ့အကြောင်း သူသာ ပို၍သိရှာပေတော့၏။
ဗြိတိသျှအစိုးရ လက်ထက်သို့ ရောက်လာသောအခါ ရေနံထွက်ကုန်နှင့် ဓာတ်ဆီရေနံဆီချက်လုပ်သော
လုပ်ငန်းများပေါ်မှ ရရှိသော အမြတ်အစွန်းမှာ အကြီးအကျယ်ပြောင်းလဲသွားတော့သည်။ ၎င်းလုပ်ငန်း၏ အရှုံးအမြတ် စာရင်းရှင်းတမ်းကို ကြည့်လျှင် ကုမ္ပဏီများစွာ စုပေါင်းလုပ်ကိုင်ခြင်းအားဖြင့် အားလုံးအပေါ်မှ ရရှိသော အမြတ်ငွေမှာ စစ်ဖြစ်နေသော ကာလအတွင်းမှာပင် ရွှေဒင်္ဂါးပေါင် ၁၅၀၀၀၀ မြတ်စွန်းကြောင်း တွေ့ရှိကြရပေသည်။
(Forty Years in Burma By Dr. Marks
ဦးလှဒင် ပြန်ဆိုသည့် ဗမာပြည်ဝယ် နှစ်လေးဆယ် စာအုပ်မှ ကောက်နှုတ် ဖေါ်ပြပါသည်။)
We stayed one night at Ye-nan-kyoung, the creek of stinking water (i.e., petroleum), where the petroleum wells were situated on a hill about one or two miles from the bank. With much difficulty I managed to get on to a bullock cart and ascend the hill and view the operation of extracting the oil.
I looked down a deep well, over which was a cross-beam with a wheel and a long rope attached to it. At the end of the rope was a metal bucket which was let down to a great depth. At the bottom of the well one could hear a bubbling, and a fetid gas exuded from it. The other end of the rope was bound round the body of a stalwart Burman, who ran down the hill and so pulled the bucket full of crude oil up the well. The oil thus obtained was emptied by hand into a bamboo tube, whence it floated down to the boats on the river bank. The waste through leakage marked the progress of the oil all the way down to the river.
The oil itself was like greasy treacle of a greenish colour, and was highly valued by the Burmese as a cure for skin diseases. The workers all enjoyed marvellous health.
This was the beginning of what has since become a. staple industry of Burma. It was then, like everything else in Upper Burma, a royal monopoly, and the unfortunate minister or favourite of the Crown who received the promise of a boat-load of earth-oil at the King's valuation by no means congratulated himself on his good fortune.
First he had to get the oil, then to bring it to Mandalay, then to find a market for it, then to pay the various dues and duties demanded, and then to pocket what remained. Oh, the groans that I have heard concerning the transaction! The King thought that he was conferring a royal favour, but the unfortunate recipient knew better.
The wonderful change that has come over the production and refinement of this oil under British government is best illustrated by the balance-sheets of the various companies now associated with this trade which show that even in war time the profits of one of them amounted to almost £150,000.

Monday, February 14, 2011
Saturday, January 22, 2011
အဲမဲဂိုး..အဝုစ္စစ်
ကိုငါးကြော်ငယ်စဉ်က အင်္ဂလိပ်စာလေ့လာဖို့ အင်မတန်ခုံမင်ပါတယ်။
အတော်အတန်လည်း တိုးတက်ခဲ့တယ် လို့ဆိုရပါမယ်။
တခြားသူတွေနဲ့ ယှဉ်ပြောရရင် ကျောင်းနေဖက် ငပေတို့၊ငတေ တို့ထက်အရမ်းသာတယ်ပြောရမှာပဲလေ..။
တကျောင်းလုံးမှာမော်ကြည့်နိုင်သူ ခပ်ရှားရှားပါ....။အရပ်ကြောင့်လားတော့မသိ...
ဘွတ်ဘက်၊ရွှတ်ရှက် ဆိုရင်လည်း အင်မတန် ပြောတတ်တာကလား။
ဗျရိတစ် အင်းဂလစ်ရှ် ပြောမလား၊အမာရိကန်း အင်းဂလစ်ရှ် ပြောမလားလာခဲ့။
ဗျရိတစ် ရော အမာရိကန်းရော မူးချာပါတ်သွားမယ်။
အဲလိုတော်ခဲ့တာ.... ကြွားနေခြင်းမဟုတ်။
ကိုယ့်ကိုလည်း ပညာလာမစမ်းနဲ့ မေးခွန်းတွေနဲ့ နှိပ်ကွပ်ပစ်တတ်တာမျိုး..။
“ဟေ့ရောင် မင်းဘယ်လောက်တတ်သလဲ...ဇာတိဖ္ဖိုလ်သီးကို အင်းဂလစ်ရှ်လို ပေါင်းပြစမ်း”
ဘယ်သူကယှဉ်နိုင်မှာလည်း...အဲဒီတုန်းကပြောပါတယ်။
အခုတော့ အရင်လိုမဟုတ်ပါပြီ..ကိုကိုဒီဘီဆီမှာ သင်တန်းတက်ဖို့ စာရင်းပေးထားရပါတယ်။
ပညာသင်ကြေး ပယင်းရောင်တစ်ပုလင်းဖိုး မရှိလို့ မတက်ရသေးပါ။
ကဲတွေးကြည့်တော့ ကိုယ့်ရဲ့ အင်းဂလစ်ရှ်က အတော်ညံ့သွားပြီကိုး...။
ဘယ်တုန်းကစပါလိမ့်........
ဟုတ်ပြီ.....မှတ်မိပြီ...
ဂျီတီအိုင်ရောက်ပြီးမှ လုံးဝညံ့သွားတာ...
ဆရာ၊ဆရာမတွေ ကြောင့်လုံးဝမဟုတ်ပါ။
ကိုယ်တိုင်ကိုက အားလျှော့သွားခြင်းပါပဲ...။
ကျွန်တော့်အမေရဲ့အစ်မအကြီင်္းဆုံး ကြီးတော်ကြီးရဲ့မေးခွန်းကစတာပါပဲဗျို့။
ကြီးတော်ကြီးက အင်းဂလစ်ရှ်လိုမေးတာ...။
ကိုငါးကြော် ကမဖြေနိုင် လို့စိတ်ညစ်သွားတာ။
ကြီးတော်ကြီးလား...အဲဒီတုန်းက အသက် ၇၅နှစ်လောက်ရှိမယ်။
ပညာကတော့ ကျောင်းတောင်နေဖူးပုံမပေါ်ဘူး။
စာဖတ်တာတောင်မတွေ့ဖူးဘူး။
မေးတာကလေ“ငါ့သားရယ်တဲ့ မင်းက ဂျီတီအိုင်တောင် ရောက်နေပြီဆိုတော့
အဒေါ်ကြီးမသိတာလေး မေးပါရစေ”တဲ့
ကိုငါးကြော်ကလည်း “ဟုတ်ကဲ့မေးပါ”ပေါ့...
ဒီတော့ ကြီးတော်ကြီးက “အဲမဲဂိုး..အဝုစ္စစ် ဆိုတာဘာလဲ..လူလေးရယ်”တဲ့
ကိုငါးကြော်သေချာစဉ်းစားပါတယ် နဲနဲတော့ သဘာဝမကျဘူးပေါ့...
အဝုစ္စစ်ကိုငါသွားနေတယ်ပြောချင်တာလား...
သဒ္ဒါလွဲနေတယ်...မဟုတ်နိုင်ဘူး....
အသံထွက်ပဲ မှားနေသလား...ပြန် သေချာအောင်မေးရတယ်...
နောက်ဆုံးတော့ “ကျွန်တော် မဖြေတတ်ပါဘူးခင်ညာ”ပြောမှပဲ
ကြီးတော်ကြီးက “ဘာမှ မဟုတ်ငါဘူးငါ့သားရယ်”တဲ့...
အဒေါ်ကြီးတို့ ငယ်ငယ်က လူရွှင်တော်တွေ
စကားထာဖွက်တာပါတဲ့...အဖြေက (အိုးမဲခဲ..အဝတ်စုတ်)ပါကွယ်”တဲ့
အဲဒီကစပြီးတော့ ကျွန်တော် ကိုငါးကြော် အင်းဂလစ်ရှ်စာ အရမ်းညံ့သွားပါကြောင်း...
(အိုးမဲခဲ=မီးသွေးခဲ(အိုမည်းခဲ) ဟူလို)

Subscribe to:
Posts (Atom)